Software Defined Networking (SDN) - 101, Part 1

ဒီဖက်နှစ်ပိုင်းတွေမှာ အကြားအများဆုံး စကားလုံးကတော့ SDN ဆိုတာပါပဲ။
ဒီခေါင်းစဉ်အတွက် Web page ပေါင်းများစွာကို ဖတ်ကြည့်ရင်း မျက်မမြင်ပုဏ္ဏား ခြောက်ယောက် ဆင်ကို စမ်းကြည့်သလိုမျိုး ဖြစ်နေသူတွေအတွက် နည်းနည်းရေးပါရစေ။

SDN ကို မပြောခင် ဘာကြောင့် SDN ကို လေ့လာဖို့ လိုသလဲ ဆိုတာလေး ပြောပါရစေ။

ဒီဘက်ခေတ်မှာ Heart Rate Monitor, Steps Counter , Watch, Wireless IP Camera အစရှိတဲ့ Device တွေဟာ Internet Access လိုလာကြပါတယ်။
ဘာလို့လိုအပ်လဲ ဆိုတဲ့ အကြောင်းပြချက် အများကြီးရှိတဲ့ အထဲက ဥပမာ အနေနဲ့ အနည်းငယ်ထုတ်ပြရမယ်ဆိုရင်

- Statistic Data Analysis
- Real Time monitoring
- Real Time Data Streaming

စတာတွေပဲ ဖြစ်ပါတယ်။

အပေါ်က ပြောခဲ့တဲ့ Device တွေကို Internet of Things (Stupid Device) တွေလို့ ခေါ်ကြပါတယ်။
အဲဒီ ပစ္စည်းတွေ ပေါ်မှာ run နေတဲ့ Application တွေအတွက် လုံလောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ နောက်ကွယ်မှာ အလုပ်လုပ်ပေးနေတဲ့ Server တွေရှိပါတယ်။
အဲဒီ Server တွေကို အချိန်နဲ့ တပြေးညီ လိုအပ်သလို ပြုပြင်ပြောင်းလဲနေဖို့ အတွက် Intent-Based Network ဆိုတာလိုလာပြန်ပါတယ်။
အဲဒီ Network အတွက်ပဲ ကျတော်တို့တွေ SDN ဆိုတာကို လိုလာပါတယ်။

ဒီတော့ မေးစရာရှိလာပါတယ်။ SDN မှပဲ လုပ်နိုင်မှာလား။ Traditional Network မှာရော မလုပ်နိုင်ဘူးလားပေါ့။

ဒီမေးခွန်းအတွက် Traditional Network ရဲ့ ကန့်သတ်ချက်တွေ အကြောင်းကို နားလည်ထားမှ ရပါမယ်။

ဆိုကြပါတော့ Router တလုံးက သူ့ဆီကို ဝင်လာတဲ့ Packet တခုကို Route ပေးဖို့

- Destination က ဘယ်လဲ။ Routing Table ထဲမှာရော ရှိရဲ့လား။
- ဘယ် Routing Protocol နဲ့ Learn လုပ်ထားတာလဲ။
- MAC Address က ဘာလဲ။
- Destination ကို သွားဖို့ Hop ဘယ်နှစ်ခု ဖြတ်ခဲ့ပြီး ဘယ်နှစ်ခု ထပ်ဖြတ်သွားရအုံးမှာလဲ။
- ဝင်လာတဲ့ Packet ကရော မပျက်မစီးပဲ ရှိနေသေးလား။

စတဲ့ လုပ်ရမယ့် အဆင့်တွေရှိပါတယ်။

အဆိုပါ လုပ်ငန်းစဉ်တွေ လုပ်ဖို့ အတွက်

Control Plane
Data Plane
Management Plane

ဆိုတာတွေ Network Device  တွေမှာရှိပါတယ်။

Control Plane ကတော့ routing information တွေ exchange လုပ်ဖို့ အဓိက တာဝန်ယူပါတယ်။
Data Plane ကတော့ Traffic တွေကို forward လုပ်ဖို့ တာဝန်ယူပါတယ်။
Management Plane ကတော့ Network Device တွေကို access လုပ်ဖို့ အတွက်လိုအပ်မှုတွေကို ပြင်ဆင်ဖို့ တာဝန်ယူပါတယ်။

Plane တွေရဲ့ တာဝန်ယူ အလုပ်လုပ်ပုံကို အောက်က ပုံလေးမှာ နမူနာ ကြည့်နိုင်ပါတယ်။



ဒီ Plane တွေအကြောင်း အကြမ်းဖျဉ်း သိပြီဆိုရင် Traditional Netowork တွေရဲ့ ကန့်သတ်ချက်ကို ပြောပါမယ်။

အောက်က ပုံလေးကို ကြည့်ကြည့်ပါ။



Virtualized Server တွေ အများကြီး Run ထားတဲ့ ESXi Server တလုံး Network မှာ ရှိတယ်ပေါ့။

လုပ်ငန်းလိုအပ်ချက်အရ Virtual Server တလုံး run ဖို့လိုပြီး အဲဒီ Server အတွက် VLAN တခုလိုအပ်တယ်ပေါ့။
ဒီအခါမှာ System Team အတွက်က လိုအပ်တဲ့ Hardware Resource သာ ESXi မှာ ရှိသေးရင် ချက်ချင်းဆိုသလို Server ကို Provisioning လုပ်နိုင်ပါတယ်။
၅ မိနစ်တောင် မကြာပါဘူး။

ဒါပေမယ့် Network Team အတွက်ကတော့ လိုအပ်တဲ့ VLAN ကို Switch တိုင်းမှာ Create လုပ်ဖို့ ၊ SVI အသစ်အတွက် Routing ၊ VLAN အသစ်ကနေ ကျန်တဲ့ Subnet တွေကို သွားနိုင်အောင် ခွင့်ပြုဖို့ Firewall တွေ Configure လုပ်ဖို့ ၅ ရက်လောက် ကြာတတ်ပါတယ်။ ဒါက အစောဆုံးပါ။ :D

ကဲ ဒီမှာပဲ Software Defined Networking ဆိုတာကြီးက Business လိုအပ်ချက်အနေနဲ့ ပေါ်လာတော့တာပါပဲ။

ဘာလို့လဲ ဆိုတော့ ကမ္ဘာ့ အနောက်ခြမ်းမှာ မနေ့ကဘာဖြစ်သွားလဲဆိုတာကို ကမ္ဘာ့အရှေ့ခြမ်းက ဒီနေ့မှ သိရတဲ့ ခေတ်မဟုတ်တော့လိုပါပဲ။
အမေရိကန်မှာ ဇူကာဘတ် တရားရင်ဆိုင်နေတာကို စင်ကာပူက ကျတော်က အိမ်သာတက်နေရင်း လက်မှာ ပတ်ထားတဲ့ Apple Watch ကနေ Live ကြည့်လို့ရနေတဲ့ ခေတ်ဖြစ်နေလို့ပါပဲ။

အဲလို အချိန်နဲ့ တပြေးညီ သိနေရဖို့ နောက်ကွယ်က Run နေတဲ့ Infrastructure ဆိုတာ တခုခု ပြောင်းလဲဖို့ လိုတိုင်း စောင့်နေရတာမျိုး ဖြစ်လို့မရတော့လို့ပါပဲ။

SDN မှာတော့ Lightweight Wireless Access Point တွေကို Centralized Wireless Controller လိုမျိုး LightWeight Router, Switch, Firewall တွေကို Centralized Controller ကနေ တခါတည်းနဲ့ Configure အားလုံးကို လုပ်နိုင်တော့တာပဲ ဖြစ်ပါတယ်။

နောက် Post မှာ API, Python, SDN Controller စတာတွေကို ရေးပါမယ်။

ကျေးဇူးတင်ပါတယ်ဗျာ။
(Be knowledgeable, pass it on then)

No comments :

Post a Comment